ဘာရယ်မဟုတ်ပါဘူး၊ ကျွန်တော်ကြိုက်မိတဲ့ သီချင်းအဆိုတော်တွေနဲ့ သီချင်းတွေကို ရေးချင်လာတာနဲ့ ရေးချလိုက်တာ။ ပြောရမယ်ဆိုရင်တော့ ကျွန်တော်ငယ်ငယ်က တွံတန်းသိန်းတန်၊ ဟင်္သတထွန်းရင်တို့နဲ့ ကြီးပြင်းလာခဲ့တယ်ဆိုရင်မမှားပါဘူး။ အမေနဲ့အဖေက သိပ်ကြိုက်တာလေ။ သူတို့ဖွင်တဲ့ သီချင်းမှန်သမျှ ကျွန်တော် နားထောင်ဖြစ်ပါတယ်။ နောက် စတီရီယိုခောတ်ရောက်တော့ စိုင်းထီးဆိုင်တို့ မေဆွိတို့ပေါ့၊ ရပ်ကွက်ထဲက ကာလသားတွေဆီသွားရင်တော့ ဇော်ဝင်းထွဋ် ကြားနေရပါပြီ။ ပြောရမယ်ဆိုရင်တော့ အကုန်နားထောင်လို့ရပါတယ်။ ဘာမှ ထွေထွေထူးထူး မစဉ်းစားဘူး။ သီချင်းဆိုအကုန်နားထောင်လိုက်တာဘဲ။ နည်းနည်းလေး အသက်ကြီးလာတော့ ရွေးချယ်စရာတွေ အများကြီးရှိမှန်းသိလာတဲ့ အချိန်မှာ စပြီး ဂျီးများတတ်လာတယ်။ ကျွန်တော် ၄တန်းကစပြီး ရောခ့်ဂီတကိုတော့ နည်းနည်းပိုပြီး သဘောကျခဲ့ပါတယ်။ အက်ကွဲရှတ ဇော်ဝင်းထွဋ်နဲ့ နှာသံပေါက် လေးဖြူတို့ကို ကြိုက်တယ်။ ရင်ဂိုကိုတော့ အဲဒီအထဲကကို သဘောမကျဘူး။ သူ့အသံက အမြဲတစ်ခုခုလိုနေတယ်။ အင်း ... ပြောရင်းနဲ့ ဘေးရောက်ကုန်ပါပြီ။ ပြန်တည့်အုံးမှ။၁၉၈၉ ကျော်ကျော်ကနေ ခု ၂၀၀၇ထိ နားထောင်မိသမျှထဲမှာ အကြိုက်အတွေ့ဆုံး ပြည်တွင်းအဆိုတော်တွေကတော့ အမျိုးသားထဲမှာ လေးဖြူနဲ့ အမျိုးသမီးထဲမှာ တင်ဇာမော် ပါ။ ကျွန်တော်ကြိုက်တဲ့ အဲဒီနှစ်ယောက်တွဲပြီး စုံတွဲတေးဆိုခဲ့ရင် ကျွန်တော် သိပ်ကိုသဘောကျမိမှာဘဲ။ ပြည်ပအဆိုတော်ထဲမှာတော့ အမျိုးသားထဲမှာ Linkin Park နဲ့ အမျိုးသမီးထဲမှာ Evanescence တို့ဖြစ်ပါတယ်။ ဟိုတစ်လောက် ဖိုရမ်တစ်ခုမှာ ဂီတအမျိုးအစားနဲပါတ်သက်ပြီး ငြင်းခုံနေကြတာကို တွေ့လိုက်ရတယ်။ ပျှော်ဖို့တော့ ကောင်းမဲ့ပုံဘဲ။ ကျွန်တော့်အမြင်ကတော့ စိတ်ခံစားချက်နဲ့ လိုက်ဖက်တဲ့ ဂီတဆိုတာ အချိန်မရွေး ပြောင်းလဲနေတတ်တာဘဲ။ ဥပမာ ... ကျွန်တော့်  စိတ်တွေ အေးအေးချမ်းချမ်း ကြည်ကြည်နှူးနှူး ဖြစ်နေရင် စိုးစန္ဒာထွန်းနားထောင်တယ်။ ပေါက်ကွဲခြင်ရင် S.O.T ရှိတယ်၊ Linkin Park ရှိတယ်။ ကောင်မလေးတွေကို တိုင်တယ်ပြီးအော်ဟစ်ခြင်ရင် Hip Hop နားထောင်တယ်။ အသည်းကွဲနေရင် soft pop , country songs တွေ နားထောင်တယ်။ ခုတစ်လောဆို Keith Urban တွေကြီး လှိမ့်နားထောင်နေတာ။ ဘာဖြစ်နေလည်းလို့တော့ မမေးနဲ့နော် .... ဟီး နောက်ပြီး ကိုယ်ပိုင်သံစဉ်နဲ့ ကော်ပီနဲ့ .... အကောင်းဆုံးကတော့ နှစ်ခုလုံး ထွန်းကားတာအကောင်းဆုံး ပေါ့ဗျာ။ ကမ္ဘာပေါ်က ဂီတဂုရုကြီးတွေ ဖန်တီးထားတဲ့ တေးသီချင်းတွေကို မြန်မာမှူပြုပြီး နားထောင်ခွင့်ရတာလည်း ကောင်းတာဘဲဟာကို။ ကိုယ်ပိုင်သံစဉ်ကတော့ ရှေ့ရောက်သင့်တာမှန်ပါတယ်။ သီချင်းရေးဆရာတွေရဲ့ တောက်ပတဲ့ အခန်းကဏ္ဏဘယ်တော့များမှ ရောက်လာမလဲမသိဘူး။ ကျွန်တော့်အထင်တော့ မြန်မာလူမျိုးများဟာ ဂီတတူရိယာနဲ့ ထိတွေ့မူ့နည်းပါးနေသေးလို့ ဖြစ်မယ်ထင်တယ်။ ဥပမာ သူတို့နိုင်ငံတွေမှာက ပီယာနိုတီးခတ်ခြင်းကို အထူးတလည် အရေးထားတယ်မော့လား။ ဇရှိတဲ့သူက သူ့ဟာနဲ့သူ ဖန်တီးချင်လာရော။ ဂီတာဆိုလည်း သီချင်းဆိုလို့ရတဲ့ အဆင့်မှာတင် ရပ်ရပ်သွားလို့မရဘူး။ ဖန်တီးနိုင်တဲ့ အဆင့်ထိရောက်အောင် မြေတောင်မြောက်ပေးကြစေခြင်တယ်။ စီးပွားရေးလေးလည်း လုပ်ရင်းနဲ့ပေါ့။ ဆောင်းဦးလှိုင်တစ်ခါပြောခဲ့ဖူးသလိုပါဘဲ ။ “ကျွန်တော် အကောင်းစားသီချင်းတွေ ရေးနိုင်ပါတယ်။ ကောင်းရင်တော့ များများမထွက်နိုင်ဘူး။ အဲလိုလုပ်ရင် ထမင်းငတ်မယ် ... တစ်ပုဒ်ရေးလို့များ ကောင်းကောင်းကန်းကန်းရရင် ကျွန်တော် အကောင်းဆုံးသီချင်းတွေဘဲ ဖန်တီးဖို့ကြိုးစားမှာပါ”တဲ့။ သူပြောတာလည်း ဟုတ်ပါတယ်။ အဲဒီအချိန်ကစပြီး သူရေးတဲ့ သီချင်းတွေ တစ်ပုဒ်နဲ့ တစ်ပုဒ် ဆင်တယ်ကွာဆိုပြီးတော့ ဘယ်တော့မှ ကျွန်တော်မဝေဖန်တော့ပါဘူး။နောက်တစ်ခုက ပြန်ဆိုတေး။ သူတို့နိုင်ငံတွေမှာ ပြန်ဆိုတေး မဆိုဘူးလား .... ဆိုတာပေါ့။ သိပ်ဆိုတာပေါ့။ ဒါပေမဲ့ သူတို့ပြန်ဆိုတဲ့ အခါဆိုရင် မူရင်းအဆိုတော်နဲ့ မနိမ့်ကျတဲ့ အပြင်ကို တစ်ချို့ဆို သာအောင် ဆိုနိုင်တာကို တွေ့ရပါတယ်။ အရသာအသစ်တစ်မျိုးကိုလည်း အမြဲပေးတယ်။ ဥပမာ ... Unchained Melody တို့ Without you တို့ you raised me up တို့ ..... Withou you သီချင်းကို နောက်ဆုံးဆိုထားတာ Kelly Clarkson ထင်တယ်။ အရမ်းကို ကောင်းပါတယ်။ မြန်မာမှာလည်း အဲလိုဖြစ်စေချင်တာ။ Someday Someway ပေါ့ဗျာ။
Click here to Read More..