Monday, February 18, 2008

About breaking points!


(၁)
“နင်ငါ့ကို ချစ်တယ်ဆိုတာ တစ်သက်လုံးမှတ်မိနေမှာလား ”
“မှတ်မိနေမှာပေါ့၊ ငါတစ်သက်လုံးမေ့မှာမဟုတ်ဘူး။ နင်ရော”
“ငါ့ဘ၀မှာ ဘယ်မိန်းကလေးနဲ့ ထပ်တွေ့တွေ့ နင့်လောက်တော့ ချစ်နိုင်မှာ မဟုတ်တော့ဘူး ... အဲဒါကို ငါသေသေချာချာ သိတယ်”
“တစ်ကယ်တော့ ငါတို့ နှစ်ယောက်ကို ကံကြမ္မာက ဒဏ်ခတ်လိုက်တာပါ .... ဆုံဆည်းခွင့်ပေးခဲ့ပြီးမှ ပြန်ခွဲပစ်ရက်တယ် ... ငါ နင်နဲ့ တွေ့ခွင့်ရခဲ့လို့ ကံကောင်းတယ်လို့ မပြောချင်ဘူး .... ဘာလို့လဲဆိုတော့ ကျန်ရှိနေမဲ့ ငါ့ဘ၀တစ်ခုလုံး အလွမ်းတွေနဲ့ ပြီးဆုံးသွားရမှာလေ“
“ငါ နင့်ကို ပေးခဲ့တဲ့အချစ်တွေအတွက် နင်ဂုဏ်ယူနိုင်ပါတယ်ဟာ ... နှလုံးသားက သိပါတယ်”
“ငါနင့်ကို လွမ်းနေမယ်နော်”
“ငါယုံပါတယ်တယ် ... ငါလည်းနင့်ကိုလွမ်းနေမှာပါ”


(၂)
“မောင် .. ကျွန်မကို ထွက်သွားခွင့်ပြုပါ”
“မောင်သိတယ် ... တစ်နေ့ ဒီလိုနေ့မျိုးရောက်လာမယ်ဆိုတာ ... ဒါပေမဲ့ မောင် အဆင်သင့်မဖြစ်သေးဘူး ငယ်”
“မောင်ဘယ်တော့မှ အဆင်သင့်ဖြစ်မှာမဟုတ်ဘူး .. ဘာလို့လဲဆိုတော့ မောင်က ငယ့်ကို ချစ်တယ်လေ။ အဲဒါကို ငယ် ကောင်းကောင်းသိတယ် ... ဒါပေမဲ့ မောင်ရယ် အချစ်ဆိုတာ တစ်ဆိတ် ဆန်းကြယ်ပါတယ် ”
“ငယ် မောင့်ဆီက ဘာလိုချင်လဲ ... မောင်အကုန်ပေးနိုင်ပါတယ် ... မောင့်ဆီမှာ ငယ်မကြိုက်တာရှိရင် ပြော .. မောင်ပြင်မယ် ... မောင့်ကို ထားမသွားပါနဲ့ငယ်ရယ်”
“ငယ် ဆုံးဖြတ်ပြီးပြီမောင် ... မောင် ငယ့်ကို သိပ်ချစ်တယ်ဆိုတာ သိတယ် ... ဒါပေမဲ့ ငယ့်နှလုံးသားက မောင့်ကို မချစ်နိုင်တော့ဘူး ... ကြာရင် မောင်ဘဲ ပို ခံစားရမှာ ... ငယ့်ကို ခွင့်လွှတ်ပါ”
“မောင့်အချစ်က ငယ့်အတွက် ဘာလိုလေသေးရှိခဲ့လို့လဲဟင် .. မောင် ငယ့်စိတ်တိုင်းကျ အကုန်နေပေး လုပ်ပေးခဲ့တာဘဲ”
“အချစ်ဆိုတာ အဲဒါတွေနဲ့ မဆိုင်မှန်း ငယ်လည်း နောက်ကျပြီးမှ သိခဲ့ရလို့ပါ”
“ကောင်းပါပြီ ... မောင်နေခဲ့ပါ့မယ် .. တစ်ချိန်က ထားခဲ့တဲ့ သံယောဇဉ်တွေကို အသိအမှတ်ပြုရင် ခုမောင့်ရှေ့ကနေ ထွက်သွားပေးပါ ငယ် .. ဒီတစ်ခါကျတဲ့ မောင့်မျက်ရည်တွေကို ငယ့်ကို မမြင်စေချင်ဘူး ... ငယ် မောင့်ရှေ့ကနေ ထွက်သွားပေးပါ ... ”
“မောင် အရမ်းမခံစားပါနဲ့နော် ... မောင်နဲ့သင့်တော်တဲ့သူ တစ်ယောက်တော့ ပေါ်လာအုံးမှာပါ ... ငယ့်ကို နားလည်ပေးပါ”
“နားလည်မူဆိုတဲ့စကားကို ထပ်မပြောပါနဲ့တော့လား ငယ်ရယ် .... နားလည်မူပေးနိုင်တိုင်းလဲ အချစ်ဆိုတာ မရနိုင်ဘူး မဟုတ်လား .. ဒီသင်ခန်းစာကို ငယ်သင်ပေးပြီးသွားပြီလေ .. ထပ်မပြောပါနဲ့တော့ ... ခုလောလောဆယ် မောင်တစ်ယောက်ထဲနေချင်တယ် ငယ် ... ”
“မောင့်ရဲ့ ငယ့်အပေါ်ထားတဲ့ သံယောဇဉ်တွေကို ငယ် တစ်ဘ၀လုံးမှတ်မိနေပါမယ်”
“ဒီ့အတွက်တော့ ကျေးဇူးမတင်ပါရစေနဲ့ ငယ်”

(၃) အပိုဒ် (က)
“ကို အရမ်းရက်စက်တယ် ဟန်နီ့ကို မသနားဘူး .. ဟန်နီ့ရဲ့ မျက်ရည်တွေကို မျက်ကွယ်ပြုနိုင်တယ်နော် ....”
“ကို ဟန်နီ့ကို သတိရလို့ ပြန်လာတောပေါ့ ... ဟန်နီ့အပေါ်မှာ ကို ဒီလောက်ရက်စက်ခဲ့တာတောင် ဟန်နီလေး ကို့ကို ခွင့်လွှတ်နိုင်တာ ကို အရမ်းအံ့သြမိတယ် ... ပြီးတော့ ကို့ရင်ထဲမှာလည်း ဟန်နီ့ရဲ့အချစ်ကြောင့် တုန်လှုပ်နေမိပါပြီ ... ခု ကိုပြန်လာတာ ဟန်နီ့အပေါ်မှာ အချစ်တွေပေးဖို့ပါ ... ဟန်နီ ခွင့်လွှတ်တယ်မော့လား ... ”
“ဟန်နီ ကို့ကို အရမ်းချစ်တယ် ... အဲဒီစိတ်နဲ့ဘဲ အရာရာကို ခွင့်လွှတ်နိုင်ခဲ့တာ .. ဒါပေမဲ့ ကို ဒါကို အခွင့်ကောင်းယူတယ် ... ”
“ခု ချိန်ကစပြီး ကိုပြင်ပါ့မယ် ... ဟန်နီ့ကို အယင်ကထက် ပိုပြီးဂရုစိုက်မယ် ... နော်”
“ဟန်နီ့အိမ်က ကိုနဲ့ သဘောမတူဘူး ... အဲကိတ်စ္စကြောင့် ကိုနဲ့ တစ်နေ့ ဝေးရလိမ့်မယ် .. ဟန်နီ အိမ်ကို မလွန်ဆန်နိုင်ဘူး ... အဲဒါလည်း ကိုနှိတ်စက်ခဲ့လို့ဘဲ .. ဟန်နီငိုခဲ့ရတာတွေကို သူတို့သိလို့ သဘောမတူတော့တာ ... ”
“ကို့ကို ခွဲမသွားဘူးမဟုတ်လား ....”
“ကို့ကို ဟန်နီလေးကစပြီး မခွဲသွားဘူးလို့ ကတိပေးခဲ့တာ လွယ်လွယ်လေး မဟုတ်ဘူး ... အဲဒါကို မသိဘူးလား ...”
“ဒါဆို ကိုကြိုးစားကြည့်မယ်နော် .. ဟန်နီလေးအိမ်နဲ့စကားပြောကြည့်မယ် .... ”

(၃) အပိုဒ်(ခ)
“ဟန်နီ့အိမ်က ကိုနဲ့ သဘောလုံးဝတူမှာမဟုတ်ဘူး ... ကို့အချစ်ကို အသိအမှန်ပြုခဲ့ရင်တောင် ကို့ရဲ့အဆင့်အတန်းကို အသိအမှတ်ပြုမှာ မဟုတ်ဘူး ... ဟန်နီ့ကို ချမ်းချမ်းသာသာဘဲ မြင်ချင်တယ်တဲ့ ...”
“ဟာကွာ ... ကို့မှာ ဘာအပြစ်ရှိလို့လဲ ”
“ကို့ကို ဟန်နီ တစ်ခုမေးချင်တယ် ....”
“ဘာမေးမှာလဲ ...”
“ကို ဟန်နီလေးကို တစ်ကယ်ချစ်ရဲ့လား ...”
“ချစ်တာပေါ့ ဟန်နီရယ် .. ချစ်လို့ဘဲ ကို ဒီလောက်ကြိုးစားနေတာပေါ့ ....”
“မဖြစ်နိုင်တော့ဘူး ကို”
“ဘာလို့လဲ .. ဘာလို့လဲ ဟန်နီရယ် ..”
“ဟန်နီ နောက်တစ်ယောက်နဲ့ တွေ့နေပြီ ... ခွင့်လွှတ်ပါ ... ”
“ဟန်နီ သိပ်ရက်စက်တယ် ...”
“ကို ရက်စက်ခဲ့တာကို မမှီပါဘူး ...ဟန်နီ ကို့ကို သိပ်ချစ်ခဲ့တာ ..
ဟန်နီသွားတော့မယ် ...




Click here to Read More..

Sunday, February 17, 2008

Conditional Love!

ဒီစာကို Shawshank Redemption အော်ပရာ သီချင်း နားထောင်ရင်းနဲ့ လွမ်းလွမ်းဆွေးဆွေး ရေးပါတယ်။ ကော်ဖီတစ်ခွက် သောက်ပါတယ်။ ဖုန်တက်နေတဲ့ ကီးဘုတ်နဲ့ ရိုက်ပြီး ညှိုးငယ်နေသော နှလုံးသားကို ဘာသာပြန်ကြည့်ပါသည်။ အပြင်မှာ -၆ ဒီဂရီ စင်တီဂရိတ် ။ ရာသီဥတုသည် ရင်ထဲမရောက်ပါ။

Closer ဇတ်ကားထဲမှာ Jude Law ကို Natalie Portman က ပြောတယ်။
"Where is your love? I can't feel it. I can't touch it. I can't find it. This is just only your easy words. I don't love you anymore. Just now."
Conditional Love ဆိုတာ နည်းနည်းသဘောပေါက်သလိုလိုဖြစ်သွားသည်။ (ဇတ်ကားတစ်ခုလုံးကြည့်ပြီးမှ ပြောတာပါ)
ဘယ်လိုခံစားချက်နဲ့ နောက်တစ်ယောက်ကို တွေ့တာလဲ ... ဘယ်လိုခံစားချက်နဲ့ ပြောတာလဲ ...လို့ အသေးစိတ်ခံစားပြီး ရင်နာနေမိသောသူက မှားသလား
အပြစ်ရှိတယ်လို့ နည်းနည်းမှ မခံစားမိဘဲ သာမာန်လုပ်ရိုးလုပ်စဉ်တစ်ခု ပြောနေလုပ်နေသလိုလို ....
အတိတ်က ချစ်သူအကြောင်းကို လက်ရှိချစ်သူရှေ့မှာ ထမင်းစားရေသောက် ပြောနေနိုင်ရင် ဘယ်လိုခံစားချက်မျိုးရှိလို့လဲ
ကိုယ်ကျတော့ လုပ်ချင်တာလုပ်ပြီး ကိုယ့်အလှည့်ကျတော့ သ၀န်တိုနေတတ်သောသူက ရှူံးနိုင်သေးတာလား ....
ခံစားတတ်လွန်းတဲ့သူလို့ သိရင် နာကျင်မူကို ရှောင်ဖို့ နည်းလမ်းတစ်ချို့ရှိပါတယ်။
မသုံးချင်လို့ မသုံးသေးခင်မှာတော့ သေမတတ်ခံစားပေါ့။
မရေးနိုင်တော့ဘူး ... စိတ်ထဲမှာ တင်းကျပ်မွန်းသိပ်တယ်။

Click here to Read More..

Monday, January 21, 2008

I'll b Wearing These scars For Eveyone to See!

ကျွန်တော်ခုတစ်လောသိပ်နားထောင်ဖြစ်နေတဲ့ သီချင်းလေးကို တင်လိုက်ပါတယ်။ လီယိုနာလူးဝစ်ရဲ့ သွေးထွက်သံယိုအချစ် ဆိုတဲ့ သီချင်းလေး။ မိုက်တယ်ဗျာ ....


Leona Lewis Lyrics


Leona Lewis Lyrics

Download
LeonaLewis-Bleeding Love

Click here to Read More..

Monday, January 14, 2008

The Earth's Cry

တစ်ပိုင်းတစ်စအတွေးတွေ ချရေးမိပါတယ် ... နောင်တစ်ချိန်ပြန်ကြည့်ရင် တစ်မျိုးအရသာရှိမယ်ထင်တာဘဲ။ ... ခုလောလောဆယ် ဘ၀က နည်းနည်းအသက်ရူကျပ်နေလို့လေ။ နောင်လည်း ချောင်မယ်လို့မထင်ပါဘူး။ ဒါပေမဲ့ ကျပ်တုန်းက အတွေ့အကြုံလေးတွေကို ပြန်ခံစားရအောင်လို့ပါ။



ကိုမြေကြီးငိုနေတယ်

ကျွန်တော့ကိုမွေးတော့
မြေကြီးကအော်ငိုတယ်
ဆန်ကုန်မြေလေးတစ်ယောက်
ပေါက်ချလာပြီဆိုပြီးတော့
သမ်းတာတောင် ကာရန်ရှာချင်နေတဲ့ကောင်
ထုသားပေသားကျပါ့မလား
လူတွေအကြောင်း ပြောလို့မကောင်းဘူးဆိုတာ
ထမင်းမ၀ါးတတ်ခင်ကတည်းက သိတယ်။

အရှအနများတဲ့မွေ့ရာမှာ
အိမ်မက်တွေ သေးထွက်သံယိုဖြစ်လို့
ဘယ်သူ့ကိုမှ တရားစွဲလို့မရဘူး
ခါးစပ်စပ်အရသာတွေနဲ့ဘဲ
တစ်မေ့တစ်မောကြီးပြင်းလာခဲ့တော့
စိုင်ကောင်မဲ့နေ့ဆိုတာကို
ဘ၀မှာ တစ်ကြိမ်တစ်ခါ သာသာလောက်တော့
မြည်းစမ်းခွင့်ရချင်သေးရဲ့။

ထိုနေ့တုန်းက မိုးရွာပါတယ် ..
အဲဒီနေ့တုန်းက နေသာပါတယ် ....
ဒီနေ့ နှင်းကျမယ်ထင်တယ် ..
သို့ကလို ရာသီတွေ ချိန်ဆရင်းနဲ့ဘဲ
“စိတ်” ဆိုတဲ့အကောင် လွတ်ထွက်သွားပြန်ပြီပေါ့
နောက်ဆုံးတော့
အခွံသက်သက်၊ ဗလာသက်သက်
အတ္တတောင် အနိုင်နိုင်သယ်နေရတဲ့ကျွန်တော်
ကိုးကွယ်ရာရှာဖို့လည်း မေ့နေမိပြန်တယ် ..
ကိုမြေကြီးရေ ...
ခင်ဗျားဘာကြောင့်ငိုတယ်ဆိုတာ
ကျွန်တော်သိလိုက်ပါပြီ။

Click here to Read More..

Sunday, January 13, 2008

Naked DNA and History Of My Bones!

အိုးမိုင် ဘုရားသခင်
ဝတ်လစ်စလစ်ဖြစ်သွားတဲ့ ဒီအင်န်အေကြောင့်
ကျွန်တော့အရိုးရဲ့ရာဇ၀င်ကို သူတို့သိသွားကြပြီတဲ့
နှစ်ဖက်စလုံးအကျအဆုံးများသွားကြောင်းကိုတော့
တမြန်နေ့ ရထားကြီးဆိုက်တုန်းက ဖတ်လိုက်ရတယ်
ဒီလိုနဲ့ဘဲ မင်းဝရမ်းပြေးဖြစ်သွားတာပေါ့လို့
မိုက်ကယ်စကုတ်ဖီလ်းက မေးရှာတယ်။

အဓိကပြသာနာက
ကျွန်တော့မိန်းမရဲ့ထမိန်
ဘာမင်ဂန်နန်းတော်မှာ တက်ချိပ်နေတာဘဲ
လေဆန်တိုင်း မပျံနိုင်ဘူး ယောနသံရေ
အတွယ်အတာတွေက တစ်ကိုယ်လုံးအပြည့်ရှိနေတယ်
ပုဏ္ဏားလည်းသိုင်းတတ်ပါတယ်လေ
ကိုယ်နိုင်မဲ့လူကို ဗေဒင်တွက်ပြီးချလိုက်ရုံဘဲမော့လား။


ပုံပျက်ပန်းပျက် ကြီးပျင်းလာခဲ့ပြီးမှတော့
အတိတ်ကို ဘာလို့ပျင်ချင်တော့မှာတုန်း
သမားရိုးကျဘဲ အသက်ရူလိုက်စမ်းပါလေ
တစ်ခါတစ်လေကျတော့ ဘ၀ဆိုတာ
သမားရိုးကျနဲ့မှ အဆင်ပြေတတ်တာမျိုး။

ကျွန်တော့ရဲ့ ဗယ်ဘက် နံရိုးအမှတ်(၃) ကျိုးသွားတယ်
နှလုံးသားအတွက်ပေးဆပ်ရင်းတေ့လွဲ လွဲသွားပုံရတယ်
ဘ၀ဆိုတာ မြစ်နဲ့တူလား ပင်လယ်နဲ့တူလား စဉ်းစားရင်း
အငိုက်မိသွားတာတဲ့ .... အော် ... ဖြစ်ပုံ ...။

နောက်ဆုံးရထားကို စောင့်စီးရင်း
နောက်ဘ၀ပါထပ်ကူးသွားရတဲ့ သံသရာခရီးသည်ကြီး
ဒီလိုနဲ့ဘဲ
အစိမ်းရောင်တွေ ကျွပ်တမ်းဝင်မဲ့နေ့ကို
ပြန်မျှော်ရပြန်ပါလေရော ....

သူဟာဘယ်တော့မှ မိုးပြဲဒယ်နဲ့ ဆီပူအိုးကို မကြည့်ဘူး
ငရဲနဲ့တူတယ်တဲ့ .....
ပုတ်သင်ညိုကိုမြင်ရင်လည်းသတ်ပြစ်တယ်
အရောင်ပြောင်းတာကိုမြင်ရင် သူ့ချစ်သူဟောင်းကို သတိရလို့တဲ့
သစ်ပင်တွေ လှုပ်တာမြင်ရင်လည်း သူမနေတတ်ပြန်ဘူး
သူ့စိတ်နဲ့တူလို့တဲ့
ဒီလိုနဲ့သူဟာ
လောကကို အကွက်တွေကျော်ပြီး
ခုန်လွှားတတ်လာတယ်။

အခါတစ်ပါးက
ဘုရင်ကြီးတစ်ပါးတောလည်ထွက်ရင်း
စကားလက်ဂျိုဟန်ဆန်နဲ့တွေ့တယ်
ညနေစာကို သမင်ပျိုတစ်ကောင်နဲ့သာ စားတတ်ခဲ့တဲ့
တော်ဝင်မျိုးရိုးကိုတော်လှန်ဖို့
ဒီသမီးပျိုနဲ့ဆိုလုံလောက်ပါတယ်လို့
ဟူးရားကြီးက အလိုက်တသိဟောပေးလိုက်တော့
တိုင်းသူပြည်သားတွေ မျက်လွှာချပေးလေရဲ့။

Click here to Read More..

Saturday, January 12, 2008

Someone Makes Me Feel Like That!



အဖြူရောင်မာယာနှင့်ကျွန်မ၏အခန်းငယ်

မောင့်နှလုံးသားရဲ့ဇာတာကို ကြိုသိနေခဲ့လို့
နောင်တတွေကို ပိုင်ဆိုင်သင့်တယ်တဲ့လား .....
မပြောပါနဲ့တော့လား ကံကြမ္မာရယ်
ထုဆစ်လို့မရတဲ့အနာဂါတ်ကို ငေးကြည့်ရင်း
ကျွန်မအတွေးတွေ ရပ်တန့်ခဲ့ရတာ များပါပြီ။


ဒီတစ်ကြိမ်တော့ ကျွန်မကို
ခေါင်းမာခွင့်ပေးပါ .. မောင်
မာယာဆိုတဲ့ ခေါင်းစဉ်အောက်မှာ
နံမည်ပျက်ပေါက်ရင်ပေါက်ပါစေတော့
နှလုံးသားက ဘယ်သူ့ကို ကိုးကွယ်တယ်ဆိုတာ
ဟောဒီ မျက်ရည်တွေ သိပါတယ်။
ကျွန်မကတော့
မောင်ရှိတဲ့အရပ်ကနေ
အံတစ်ချက်ကြိတ်ရင်း ပြန်ခဲ့ပါပြီ။




ကျွန်မရဲ့မျှော်လင့်ချက်တွေနဲ့
မောင့်ရဲ့အိမ်မက်တွေကို ၀န်မလေးစေချင်ဘူး ...
ကျွန်မအပေါ်တိုင်တည်ထားတဲ့သစ္စာတွေအတွက်
မောင့်ရဲ့အနာဂါတ်ကို မရူးနှမ်းစေချင်ဘူး ....
ကျွန်မကိုသယ်ဆောင်ချင်တဲ့မောင့်ရည်မှန်းချက်မှာ
အားကောင်းမောင်းသန်အချစ်တွေမြင်ပေမဲ့
ဆူးတစ်ချက်မ၀င်စေ့ချင်ဘူး
ကျွန်မနှလုံးသား ဖောက်ပြန်ခြင်းကင်းတယ်ဆိုတာတော့
ဘုရားသခင်တိုင်းက ခေါင်းညိမ့်မှာပါ .. မောင်။

မောင်မရှိတော့ပေမဲ့
မောင်ရှိခဲ့ဖူးတဲ့ရင်ခွင်ကို
နွေးနွေးလေးထားပါ့မယ်
မောင်ရှိတဲ့အတိတ်ကို
မျက်စိလေးမှိတ်ပြီးလာခဲ့မယ်
မောင်နေတဲ့ရင်ခွင်ခန်းကို
ဘယ်တော့မှ မနွမ်းအောင်
အသက်နဲ့ကျမ်းကျိန်ပြီး လွမ်းပါ့မယ်။

သမုဒ္ဒရာ အနား ဘယ်လိုပဲသတ်သတ်
ကျွန်မနဲ့မောင်ရဲ့ အဆုံးသတ်ကိုတော့
လွမ်းမျက်ရည်တွေနဲ့ ဘောင်ခတ်ပါရစေ
ဘယ်တော့မှ ဖောက်မထွက်ဘူး ... မောင်
ကျွန်မရဲ့ နှလုံးသွေးတွေ
အဲဒီ စာမျက်နှာမှာ အမြဲလည်ပတ်ပါ့မယ်
မောင်တစ်ယောက် ကျေနပ်ပါစေ။

Click here to Read More..

Sunday, January 6, 2008

Misunderstood!

သံသယလား မာယာလား ခွဲခြားနိုင်သော ဦးနှောက် ကျွန်တော့မှာ မပိုင်ဆိုင်သေးသဖြင့် ထုံးစံအတိုင်း ပကတိ အသည်းကွဲခြင်း သင်ခန်းစာကို နောက်တစ်ဖန် ကျက်မှတ်နေရပြန်ပါပြီ။ ကျွပ်တမ်းဝင်ကာနီး ရဟန်းတစ်ပါး၏ တည်ငြိမ်မူမျိုး ကျွန်တော့မှာ လုံးလုံးမရှိတာတော့ သေချာသည်။ ကိုယ့်နှလုံးသားရှိရာအရပ်ကိုတောင် မလွယ်ပေါက်ဖြင့် ၀င်နေရသောဘ၀။ ကမ္ဘာပေါ်ရှိယောက်ကျားများအားလုံး မွေးကထဲကပါလာသော တဏှာတစ်ခုကို ကျွန်တော်ကိုယ်တိုင်လည်း ချောင်ထိုးဖို့ မစွမ်းပါ။ သဘာဝကို မလွန်ဆန်နိုင်ပါ။ ထို့အတွက် ကျွန်တော် အထင်သေးခြင်းကို ခံနေရ၏။ အသွင်တူရာသူချင်းစုမိသဖြင့် စကားစတစ်ချို့ အစွန်းထွက်မိခဲ့သည်။ ဤအရာကို သစ္စာပျက်ယွင်းခြင်းဟု ခေါ်ဆိုရန်လောက်ထိတော့ မသင့်တော်ဟု ကျွန်တော်ထင်သည်။ ပုထုဇဉ်ယောက်ကျားတစ်ယောက်၏ ပုံမှန်ကျက်စားနေကျ စိတ်နယ်မြေများသို့ ကျွန်တော် အလည်သွားမိသည်။ ပြောဆိုမိသည်။ ယောက်ကျားမဆန်သူဟု အစွပ်စွဲမခံခြင်ပါ။ လောကသည် မှောက်မှားမူများကို အလွယ်တစ်ကူ လက်ဆောင်ပေးလေ့ ရှိသည် မဟုတ်ပါလား။ အချစ်ကို တန်ဖိုးမထား၍ မိုက်မှားခြင်းမဟုတ်၍ ကိုယ့်လိပ်ပြာကိုယ်လုံပါသည်။ ကောင်မလေးမည်သို့ခံစားနေရသည်ကို ကျွန်တော်နားလည်သော်ငြား ကျွန်တော် ရှင်းပြနိုင်မည့်နည်းလမ်းများကို ရှာဖွေကြည့်သောအခါ ဘာတစ်ခုမှ ထွက်မလာ။ သေချာပါပြီ။ ကျွန်တော် အချိန်တခုအထိ စောင့်ရတော့မည်။

ကျွန်တော့်ချစ်ခြင်းရဲ့သန့်စင်မူကို
သမာဓိချိန်ခွင်ပေါ်တင်ပြီးစစ်ဆေးကြည့်နိုင်ပါတယ်
မလိုချင်ရင်ပြန်ပေးခဲ့နိုင်သလို
လိုရင်လည်း လွမ်းနိုင်ပါတယ်။
ဒိုးယိုဘောက် လျံထွက်လာတဲ့ အကြင်နာတွေကို
တစ်လမ်းထဲမှာ မောင်းခိုင်းဖို့လဲ
ဝန်မလေးခဲ့ပါဘူး။

Click here to Read More..