Return Of My Heart!
သူမဟာ ခုတော့လည်း နေသားကျနေတဲ့မာနတွေနဲ့အတူ ပြန်လည်တည်ငြိမ်စပြုလာပါပြီ။ ၀တ်ကျေတမ်းကျေ မဟုတ်တဲ့ အလွမ်းတစ်ချို့ကိုလည်း ကျွန်တော့ကိုပေးဖို့ သတိရတတ်လာတယ်။ လေစိမ်းတွေကိုလည်း လမ်းလွှဲတတ်လာပြီ။ ကျွန်တော် ပျှော်ရပါတယ်။ အယင်တုန်းက အသက်ရူဖို့လေကိုတောင် မနညှ်းရှာဖွေပြီး ရူနေရတဲ့ ကျွန်တော် .. ခုတော့ အားတိုင်းယားတိုင်းကို ရင်ဘတ်ကြီးဖောင်းဖောင်းသွားအောင် တစ်ဝရူပစ်လိုက်တယ်။ ကျွန်တော့် ရင်ထဲမှာ သူမရှိတယ်လေ။ ကျွန်တော် ရူသွင်းတဲ့လေနဲ့ သူ့ကို အသက်သွင်းပေးချင်တာ။ စိတ်ကူးတွေအားလုံးဟာ ထန်းလျက်နဲ့ ကြံသကာလို ချိုနေပြီး အိမ်မက်တွေ အားလုံးဟာ ဇတ်သိမ်းခန်း အထိ ဖြောင့်လို့ ... တန်းလို့ ... ကျွန်တော့မျက်နှာဟာ ဖိုးလမင်းကို ပေါင်းတင်ပြီး မိတ်ကပ်လူးထားသလို ၀င်းလို့ ... ပလို့ ။ သြော် ... ဒါကြောင့်လည်း ယောက်ကျားတွေ နွားဖြစ်ရကျိုး နပ်တာကိုး။
ဒါပေမဲ့ ကျွန်တော်ဖြစ်ချင်တာက သိပ်ယုံလွယ်တတ်တဲ့ သိုးတစ်ကောင်ပါ။ သူမကိုတော့ ပုံပြောကောင်းတဲ့ ယုန်ကလေး ဖြစ်စေချင်တယ်။ ဒီအတွဲလောက် အဆင်ပြေမဲ့အတွဲ ဒီကမ္ဘာမှာ ရှိမယ်တောင် မထင်ပါဘူး။ ဒေါက်တာဟောက်စ်က ပြောဖူးတယ် “ကမ္ဘာပေါ်မှာ အဆင်ပြေဆုံးဆိုတဲ့ အိမ်ထောင်ရေးအားလုံးဟာ မုသာဝါဒ နဲ့ တည်ဆောက်ထားတာ” တဲ့။ အမှန်တရားဆိုတဲ့ကောင်က တစ်ခါတစ်လေမှာ ဗီလိန်အနေနဲ့ အလည်လာတတ်တယ်လေ။ အဲဒါပိုဆိုးတယ်။ မျက်မမြင်ကွယ်ရာမှာ ဘာဖြစ်နေလဲ သိချင်စိတ်နဲ့ အမှန်တရားနဲ့ ပေါင်းမိသွားရင် ဂြိုလ်ဆိုးဝင်ပြီဆိုတာ နိုင်ငံရေးသမားတွေ ဟောသင့်တယ်။ ချစ်တာကလွဲပြီး ဘာမှစိတ်မ၀င်စားတဲ့ လူတွေက ပြန်ပြန်ပြီး အသိပေးနေရတာတော့ အတော်လေး ဂွကျသား။
မိန်းကလေးတွေမှာ မွေးလာထဲကတတ်တဲ့ စစ်ပညာတစ်ခုရှိသေးတယ်။ ဘာလဲဆိုတော့ “ပြောင်းလွယ်ပြင်လွယ် ရှိခြင်း” ဆိုတဲ့ ဗျူဟာပါ။ ဘ၀လုံချြုံမူ့အတွက် ဆောင်ထားရတဲ့ လက်ကိုင်သဘောတရားဆိုရင်လည်း မမှားပါဘူး။ သူတို့မှန်ပါပေတယ်။ ယောက်ကျားတွေကတော့ “ဆုတ်လွယ်တက်လွယ်သော စစ်ကစားမူကို စနစ်တကျ တတ်ကျွမ်းခြင်း“ ဆိုတဲ့ သဘောတရားကို ပိုင်အောင်ကြိုးစားကြတယ်။ အားလုံးကို မဆိုလိုပါ။