I Miss You Like This Poem!
ချစ်သူကိုသတိရရင်
ချစ်သူကိုသတိရရင်
ဖြေရှင်းလို့မရတဲ့ အလွမ်းတွေကို
တစ်သီကြီးထမ်းပိုးရပါတယ်။
သိုးတစ်ကောင်ရဲ့အိမ်မက်လို
မွေးကင်းစ ကလေးငယ်တစ်ယောက်ရဲ့ ဆာလောင်မှူလို
အလိုမကျခြင်းများစွာကို မျိုချ
ဘ၀ကို ဖြေးဖြေးချင်းလှိမ့်ရပါတော့တယ်။
အလွမ်းတွေပွင့်လွန်းလို့
နောက်ကျိနေတဲ့ဆောင်းကိုလည်း
တိတ်တိတ်လေးကျိန်ဆဲရင်း
ရင်ဖွင့်စရာနားတစ်စုံကို ရှာမိပါတယ်။
ချစ်သူကိုသတိရရင်
မူးယစ်နေတဲ့ ဦးနှောက်နဲ့
အတိတ်ကို ပြန်ကောက်လေ့ရှိပါတယ်၊
ကိုယ့်ရင်ဘတ်ကို နားကြပ်လေးနဲ့
ကပ်ပြီးနားထောင်ရင်း
သက္ကရာဇ်ဖြိုပေးမဲ့ ရသေ့ကြီးကို မျှော်မိတယ်။
ချစ်သူကိုသတိရရင်
အတင်းသမားတစ်ယောက်ကို တော့ပစ်တွေ ထောင်ပေးရင်း
စီးကရက်မီးခိုးတွေ တစ်မိုင်ရှည်အောင် သောက်မိတယ်၊
တောက်တဲ့တစ်ကောင်ရဲ့ ကို်ယ်နေဟန်ထားနဲ့
လွမ်းဖျားလွမ်းနာ ကာကွယ်ဆေးတွေ သောက်ရင်း
မုတ်ဆိတ်ဖြူအဘိုးကြီးတွေနဲ့အတူ
ပုဒ်ထီးပုဒ်မ ရှာမရတဲ့ စာတွေကို လိုက်ဖတ်မိတယ်။