Tuesday, November 20, 2007

Miserable Heart!

လွမ်းတယ်ဆိုတဲ့အကြောင်းကို ပြောချင်စိတ်ပေါက်လာလို့ ပြောလိုက်အုံးမယ်ဗျာ။ကျွန်တော် အများကြီးလွမ်းနေတယ်။ အလွမ်းတွေ မက်မက်စက်စက်ကို ရနေတယ်။ နေလို့ထိုင်လို့မကောင်းဘူး။ ခြေထောက်တွေ မိုးပေါ်ကို ထောင်ပြီးတော့ ပါးစပ်က အော်ချင်ရာအော်ပစ်နေတာ။ ငိုချင်သလိုလို ရီချင်သလိုလိုနဲ့ ..... ကောင်မလေးကတော့ ပြောတယ်။ သူမရှိရင် အနားရပြီပေါ့တဲ့ . သူ့ကို ကျွန်တော့်ရင်ထဲက အသံတွေကို ကြားစေချင်လိုက်တာ။ သူမရှိတဲ့ နောက်ပိုင်း ကျွန်တော့်အချိန်စရင်းမှာ နောက်သို့ရွေ့သည်တွေ ပိုပိုများများလာတယ်ဆိုတာ။ ဘာမှကို လုပ်ချင်စိတ်မရှိဘူး .....ဆိုးတယ်။ တော်တော်လေးဆိုးပါတယ်။ သူပြောတဲ့စကားကို နားထောင်ချင်တာပေါ့. ကျောင်းသွားပါ။ စာကြိုးစားပါ။ ကောင်းကောင်းစားပါ။ ကောင်းကောင်းအိပ်ပါ။ ကျွန်တော်သူ့ကိုလွမ်းနေရလို့ကို ဘာမှမလုပ်ဖြစ်ဘူး။ ကောင်းဘူးနော်။ ဘာပြောရမှန်းကို မသိပါဘူးဗျာ။ ကဗျာနဲ့ကိုမလုံလောက်ဘူး ကျွန်တော့်အလွမ်းကိုဖြေဖို့။ ဘယ်စာရေးဆရာမှ ကျွန်တော့်ရင်ထဲက ခံစားချက်တွေကို ဆွဲထုပ်ပြီး ရေးတတ်မှာမဟုတ်ဘူ။ ဘာလို့လဲဆိုတော့ လွမ်းတယ်ဆိုတာ နေရာဒေသ၊ အချိန်၊ ခွဲခွာမှူပုံစံ၊ ချစ်တတ်တဲ့ အလေ့အကျင့်၊ ပြောနေကျစကား၊ နှုတ်ဆက်တဲ့စတိုင်၊ အများကြီးပါဘဲ။ ဘယ်လိုမှ တူညီမရှိနိုင်တဲ့ အမှတ်တရတွေနဲ့မဟုတ်လား။ ကိုယ့်အလွမ်းကို ကိုယ်ဘဲသိတယ်။ တိုက်ဆိုင်မှူဆိုတာ သူ့ဟာနဲ့သူကို အလည် ရောက်ရောက်လာတတ်တာ။
ကျွန်တော့်အသံကို သူ့ဆီပို့ဖို့ ဒီနေ့ ကြိုးစားကြည့်သေးတယ်။ ဒါပေမဲ့ လမ်းမှာ ထွက်ကျသွားတာက တစ်လိုင်း၊ အဘမ်းခံလိုက်ရတာက တစ်ပိုင်း၊ မအောင်မြင်ဘူးဖြစ်သွားတယ်။ ပိုဆိုးသွားပြီ။ မျှော်လင့်ချက် နပဲငဆနဲ့ အလွမ်းဖြေပါမယ်ဆိုမှာ ပိုပြီး အခြေအနေတွေ ပျက်ယွင်းသွားတယ်။ တစ်နေ့တစ်နေ့ သူ့အကြောင်းစဉ်းစားရတာ မောတယ်ကိုမရှိဘူး။ စွဲလမ်းမူပြသာနာဆိုပါတော့။ မျက်စိနှစ်လုံးက သူ့မျက်နှာကို မြင်ယောင်ဖို့၊ နားနှစ်ဖက်က သူ့အသံကို ကြားယောင်ဖို့။ နှလုံးသားလေးလည်း အနားကိုမရရှာဘူး။ နိဂုံးချုပ်လိုက်တော့ ကျွန်တော်သူ့ကို သိပ်ချစ်နေပါပြီ။