Conditional Love!
ဒီစာကို Shawshank Redemption အော်ပရာ သီချင်း နားထောင်ရင်းနဲ့ လွမ်းလွမ်းဆွေးဆွေး ရေးပါတယ်။ ကော်ဖီတစ်ခွက် သောက်ပါတယ်။ ဖုန်တက်နေတဲ့ ကီးဘုတ်နဲ့ ရိုက်ပြီး ညှိုးငယ်နေသော နှလုံးသားကို ဘာသာပြန်ကြည့်ပါသည်။ အပြင်မှာ -၆ ဒီဂရီ စင်တီဂရိတ် ။ ရာသီဥတုသည် ရင်ထဲမရောက်ပါ။
Closer ဇတ်ကားထဲမှာ Jude Law ကို Natalie Portman က ပြောတယ်။
"Where is your love? I can't feel it. I can't touch it. I can't find it. This is just only your easy words. I don't love you anymore. Just now."
Conditional Love ဆိုတာ နည်းနည်းသဘောပေါက်သလိုလိုဖြစ်သွားသည်။ (ဇတ်ကားတစ်ခုလုံးကြည့်ပြီးမှ ပြောတာပါ)
ဘယ်လိုခံစားချက်နဲ့ နောက်တစ်ယောက်ကို တွေ့တာလဲ ... ဘယ်လိုခံစားချက်နဲ့ ပြောတာလဲ ...လို့ အသေးစိတ်ခံစားပြီး ရင်နာနေမိသောသူက မှားသလား
အပြစ်ရှိတယ်လို့ နည်းနည်းမှ မခံစားမိဘဲ သာမာန်လုပ်ရိုးလုပ်စဉ်တစ်ခု ပြောနေလုပ်နေသလိုလို ....
အတိတ်က ချစ်သူအကြောင်းကို လက်ရှိချစ်သူရှေ့မှာ ထမင်းစားရေသောက် ပြောနေနိုင်ရင် ဘယ်လိုခံစားချက်မျိုးရှိလို့လဲ
ကိုယ်ကျတော့ လုပ်ချင်တာလုပ်ပြီး ကိုယ့်အလှည့်ကျတော့ သ၀န်တိုနေတတ်သောသူက ရှူံးနိုင်သေးတာလား ....
ခံစားတတ်လွန်းတဲ့သူလို့ သိရင် နာကျင်မူကို ရှောင်ဖို့ နည်းလမ်းတစ်ချို့ရှိပါတယ်။
မသုံးချင်လို့ မသုံးသေးခင်မှာတော့ သေမတတ်ခံစားပေါ့။
မရေးနိုင်တော့ဘူး ... စိတ်ထဲမှာ တင်းကျပ်မွန်းသိပ်တယ်။