Misunderstood!
သံသယလား မာယာလား ခွဲခြားနိုင်သော ဦးနှောက် ကျွန်တော့မှာ မပိုင်ဆိုင်သေးသဖြင့် ထုံးစံအတိုင်း ပကတိ အသည်းကွဲခြင်း သင်ခန်းစာကို နောက်တစ်ဖန် ကျက်မှတ်နေရပြန်ပါပြီ။ ကျွပ်တမ်းဝင်ကာနီး ရဟန်းတစ်ပါး၏ တည်ငြိမ်မူမျိုး ကျွန်တော့မှာ လုံးလုံးမရှိတာတော့ သေချာသည်။ ကိုယ့်နှလုံးသားရှိရာအရပ်ကိုတောင် မလွယ်ပေါက်ဖြင့် ၀င်နေရသောဘ၀။ ကမ္ဘာပေါ်ရှိယောက်ကျားများအားလုံး မွေးကထဲကပါလာသော တဏှာတစ်ခုကို ကျွန်တော်ကိုယ်တိုင်လည်း ချောင်ထိုးဖို့ မစွမ်းပါ။ သဘာဝကို မလွန်ဆန်နိုင်ပါ။ ထို့အတွက် ကျွန်တော် အထင်သေးခြင်းကို ခံနေရ၏။ အသွင်တူရာသူချင်းစုမိသဖြင့် စကားစတစ်ချို့ အစွန်းထွက်မိခဲ့သည်။ ဤအရာကို သစ္စာပျက်ယွင်းခြင်းဟု ခေါ်ဆိုရန်လောက်ထိတော့ မသင့်တော်ဟု ကျွန်တော်ထင်သည်။ ပုထုဇဉ်ယောက်ကျားတစ်ယောက်၏ ပုံမှန်ကျက်စားနေကျ စိတ်နယ်မြေများသို့ ကျွန်တော် အလည်သွားမိသည်။ ပြောဆိုမိသည်။ ယောက်ကျားမဆန်သူဟု အစွပ်စွဲမခံခြင်ပါ။ လောကသည် မှောက်မှားမူများကို အလွယ်တစ်ကူ လက်ဆောင်ပေးလေ့ ရှိသည် မဟုတ်ပါလား။ အချစ်ကို တန်ဖိုးမထား၍ မိုက်မှားခြင်းမဟုတ်၍ ကိုယ့်လိပ်ပြာကိုယ်လုံပါသည်။ ကောင်မလေးမည်သို့ခံစားနေရသည်ကို ကျွန်တော်နားလည်သော်ငြား ကျွန်တော် ရှင်းပြနိုင်မည့်နည်းလမ်းများကို ရှာဖွေကြည့်သောအခါ ဘာတစ်ခုမှ ထွက်မလာ။ သေချာပါပြီ။ ကျွန်တော် အချိန်တခုအထိ စောင့်ရတော့မည်။
ကျွန်တော့်ချစ်ခြင်းရဲ့သန့်စင်မူကို
သမာဓိချိန်ခွင်ပေါ်တင်ပြီးစစ်ဆေးကြည့်နိုင်ပါတယ်
မလိုချင်ရင်ပြန်ပေးခဲ့နိုင်သလို
လိုရင်လည်း လွမ်းနိုင်ပါတယ်။
ဒိုးယိုဘောက် လျံထွက်လာတဲ့ အကြင်နာတွေကို
တစ်လမ်းထဲမှာ မောင်းခိုင်းဖို့လဲ
ဝန်မလေးခဲ့ပါဘူး။
ကျွန်တော့်ချစ်ခြင်းရဲ့သန့်စင်မူကို
သမာဓိချိန်ခွင်ပေါ်တင်ပြီးစစ်ဆေးကြည့်နိုင်ပါတယ်
မလိုချင်ရင်ပြန်ပေးခဲ့နိုင်သလို
လိုရင်လည်း လွမ်းနိုင်ပါတယ်။
ဒိုးယိုဘောက် လျံထွက်လာတဲ့ အကြင်နာတွေကို
တစ်လမ်းထဲမှာ မောင်းခိုင်းဖို့လဲ
ဝန်မလေးခဲ့ပါဘူး။