The Earth's Cry
တစ်ပိုင်းတစ်စအတွေးတွေ ချရေးမိပါတယ် ... နောင်တစ်ချိန်ပြန်ကြည့်ရင် တစ်မျိုးအရသာရှိမယ်ထင်တာဘဲ။ ... ခုလောလောဆယ် ဘ၀က နည်းနည်းအသက်ရူကျပ်နေလို့လေ။ နောင်လည်း ချောင်မယ်လို့မထင်ပါဘူး။ ဒါပေမဲ့ ကျပ်တုန်းက အတွေ့အကြုံလေးတွေကို ပြန်ခံစားရအောင်လို့ပါ။
ကိုမြေကြီးငိုနေတယ်
ကျွန်တော့ကိုမွေးတော့
မြေကြီးကအော်ငိုတယ်
ဆန်ကုန်မြေလေးတစ်ယောက်
ပေါက်ချလာပြီဆိုပြီးတော့
သမ်းတာတောင် ကာရန်ရှာချင်နေတဲ့ကောင်
ထုသားပေသားကျပါ့မလား
လူတွေအကြောင်း ပြောလို့မကောင်းဘူးဆိုတာ
ထမင်းမ၀ါးတတ်ခင်ကတည်းက သိတယ်။
အရှအနများတဲ့မွေ့ရာမှာ
အိမ်မက်တွေ သေးထွက်သံယိုဖြစ်လို့
ဘယ်သူ့ကိုမှ တရားစွဲလို့မရဘူး
ခါးစပ်စပ်အရသာတွေနဲ့ဘဲ
တစ်မေ့တစ်မောကြီးပြင်းလာခဲ့တော့
စိုင်ကောင်မဲ့နေ့ဆိုတာကို
ဘ၀မှာ တစ်ကြိမ်တစ်ခါ သာသာလောက်တော့
မြည်းစမ်းခွင့်ရချင်သေးရဲ့။
ထိုနေ့တုန်းက မိုးရွာပါတယ် ..
အဲဒီနေ့တုန်းက နေသာပါတယ် ....
ဒီနေ့ နှင်းကျမယ်ထင်တယ် ..
သို့ကလို ရာသီတွေ ချိန်ဆရင်းနဲ့ဘဲ
“စိတ်” ဆိုတဲ့အကောင် လွတ်ထွက်သွားပြန်ပြီပေါ့
နောက်ဆုံးတော့
အခွံသက်သက်၊ ဗလာသက်သက်
အတ္တတောင် အနိုင်နိုင်သယ်နေရတဲ့ကျွန်တော်
ကိုးကွယ်ရာရှာဖို့လည်း မေ့နေမိပြန်တယ် ..
ကိုမြေကြီးရေ ...
ခင်ဗျားဘာကြောင့်ငိုတယ်ဆိုတာ
ကျွန်တော်သိလိုက်ပါပြီ။
ကိုမြေကြီးငိုနေတယ်
ကျွန်တော့ကိုမွေးတော့
မြေကြီးကအော်ငိုတယ်
ဆန်ကုန်မြေလေးတစ်ယောက်
ပေါက်ချလာပြီဆိုပြီးတော့
သမ်းတာတောင် ကာရန်ရှာချင်နေတဲ့ကောင်
ထုသားပေသားကျပါ့မလား
လူတွေအကြောင်း ပြောလို့မကောင်းဘူးဆိုတာ
ထမင်းမ၀ါးတတ်ခင်ကတည်းက သိတယ်။
အရှအနများတဲ့မွေ့ရာမှာ
အိမ်မက်တွေ သေးထွက်သံယိုဖြစ်လို့
ဘယ်သူ့ကိုမှ တရားစွဲလို့မရဘူး
ခါးစပ်စပ်အရသာတွေနဲ့ဘဲ
တစ်မေ့တစ်မောကြီးပြင်းလာခဲ့တော့
စိုင်ကောင်မဲ့နေ့ဆိုတာကို
ဘ၀မှာ တစ်ကြိမ်တစ်ခါ သာသာလောက်တော့
မြည်းစမ်းခွင့်ရချင်သေးရဲ့။
ထိုနေ့တုန်းက မိုးရွာပါတယ် ..
အဲဒီနေ့တုန်းက နေသာပါတယ် ....
ဒီနေ့ နှင်းကျမယ်ထင်တယ် ..
သို့ကလို ရာသီတွေ ချိန်ဆရင်းနဲ့ဘဲ
“စိတ်” ဆိုတဲ့အကောင် လွတ်ထွက်သွားပြန်ပြီပေါ့
နောက်ဆုံးတော့
အခွံသက်သက်၊ ဗလာသက်သက်
အတ္တတောင် အနိုင်နိုင်သယ်နေရတဲ့ကျွန်တော်
ကိုးကွယ်ရာရှာဖို့လည်း မေ့နေမိပြန်တယ် ..
ကိုမြေကြီးရေ ...
ခင်ဗျားဘာကြောင့်ငိုတယ်ဆိုတာ
ကျွန်တော်သိလိုက်ပါပြီ။