Monday, February 18, 2008

About breaking points!


(၁)
“နင်ငါ့ကို ချစ်တယ်ဆိုတာ တစ်သက်လုံးမှတ်မိနေမှာလား ”
“မှတ်မိနေမှာပေါ့၊ ငါတစ်သက်လုံးမေ့မှာမဟုတ်ဘူး။ နင်ရော”
“ငါ့ဘ၀မှာ ဘယ်မိန်းကလေးနဲ့ ထပ်တွေ့တွေ့ နင့်လောက်တော့ ချစ်နိုင်မှာ မဟုတ်တော့ဘူး ... အဲဒါကို ငါသေသေချာချာ သိတယ်”
“တစ်ကယ်တော့ ငါတို့ နှစ်ယောက်ကို ကံကြမ္မာက ဒဏ်ခတ်လိုက်တာပါ .... ဆုံဆည်းခွင့်ပေးခဲ့ပြီးမှ ပြန်ခွဲပစ်ရက်တယ် ... ငါ နင်နဲ့ တွေ့ခွင့်ရခဲ့လို့ ကံကောင်းတယ်လို့ မပြောချင်ဘူး .... ဘာလို့လဲဆိုတော့ ကျန်ရှိနေမဲ့ ငါ့ဘ၀တစ်ခုလုံး အလွမ်းတွေနဲ့ ပြီးဆုံးသွားရမှာလေ“
“ငါ နင့်ကို ပေးခဲ့တဲ့အချစ်တွေအတွက် နင်ဂုဏ်ယူနိုင်ပါတယ်ဟာ ... နှလုံးသားက သိပါတယ်”
“ငါနင့်ကို လွမ်းနေမယ်နော်”
“ငါယုံပါတယ်တယ် ... ငါလည်းနင့်ကိုလွမ်းနေမှာပါ”


(၂)
“မောင် .. ကျွန်မကို ထွက်သွားခွင့်ပြုပါ”
“မောင်သိတယ် ... တစ်နေ့ ဒီလိုနေ့မျိုးရောက်လာမယ်ဆိုတာ ... ဒါပေမဲ့ မောင် အဆင်သင့်မဖြစ်သေးဘူး ငယ်”
“မောင်ဘယ်တော့မှ အဆင်သင့်ဖြစ်မှာမဟုတ်ဘူး .. ဘာလို့လဲဆိုတော့ မောင်က ငယ့်ကို ချစ်တယ်လေ။ အဲဒါကို ငယ် ကောင်းကောင်းသိတယ် ... ဒါပေမဲ့ မောင်ရယ် အချစ်ဆိုတာ တစ်ဆိတ် ဆန်းကြယ်ပါတယ် ”
“ငယ် မောင့်ဆီက ဘာလိုချင်လဲ ... မောင်အကုန်ပေးနိုင်ပါတယ် ... မောင့်ဆီမှာ ငယ်မကြိုက်တာရှိရင် ပြော .. မောင်ပြင်မယ် ... မောင့်ကို ထားမသွားပါနဲ့ငယ်ရယ်”
“ငယ် ဆုံးဖြတ်ပြီးပြီမောင် ... မောင် ငယ့်ကို သိပ်ချစ်တယ်ဆိုတာ သိတယ် ... ဒါပေမဲ့ ငယ့်နှလုံးသားက မောင့်ကို မချစ်နိုင်တော့ဘူး ... ကြာရင် မောင်ဘဲ ပို ခံစားရမှာ ... ငယ့်ကို ခွင့်လွှတ်ပါ”
“မောင့်အချစ်က ငယ့်အတွက် ဘာလိုလေသေးရှိခဲ့လို့လဲဟင် .. မောင် ငယ့်စိတ်တိုင်းကျ အကုန်နေပေး လုပ်ပေးခဲ့တာဘဲ”
“အချစ်ဆိုတာ အဲဒါတွေနဲ့ မဆိုင်မှန်း ငယ်လည်း နောက်ကျပြီးမှ သိခဲ့ရလို့ပါ”
“ကောင်းပါပြီ ... မောင်နေခဲ့ပါ့မယ် .. တစ်ချိန်က ထားခဲ့တဲ့ သံယောဇဉ်တွေကို အသိအမှတ်ပြုရင် ခုမောင့်ရှေ့ကနေ ထွက်သွားပေးပါ ငယ် .. ဒီတစ်ခါကျတဲ့ မောင့်မျက်ရည်တွေကို ငယ့်ကို မမြင်စေချင်ဘူး ... ငယ် မောင့်ရှေ့ကနေ ထွက်သွားပေးပါ ... ”
“မောင် အရမ်းမခံစားပါနဲ့နော် ... မောင်နဲ့သင့်တော်တဲ့သူ တစ်ယောက်တော့ ပေါ်လာအုံးမှာပါ ... ငယ့်ကို နားလည်ပေးပါ”
“နားလည်မူဆိုတဲ့စကားကို ထပ်မပြောပါနဲ့တော့လား ငယ်ရယ် .... နားလည်မူပေးနိုင်တိုင်းလဲ အချစ်ဆိုတာ မရနိုင်ဘူး မဟုတ်လား .. ဒီသင်ခန်းစာကို ငယ်သင်ပေးပြီးသွားပြီလေ .. ထပ်မပြောပါနဲ့တော့ ... ခုလောလောဆယ် မောင်တစ်ယောက်ထဲနေချင်တယ် ငယ် ... ”
“မောင့်ရဲ့ ငယ့်အပေါ်ထားတဲ့ သံယောဇဉ်တွေကို ငယ် တစ်ဘ၀လုံးမှတ်မိနေပါမယ်”
“ဒီ့အတွက်တော့ ကျေးဇူးမတင်ပါရစေနဲ့ ငယ်”

(၃) အပိုဒ် (က)
“ကို အရမ်းရက်စက်တယ် ဟန်နီ့ကို မသနားဘူး .. ဟန်နီ့ရဲ့ မျက်ရည်တွေကို မျက်ကွယ်ပြုနိုင်တယ်နော် ....”
“ကို ဟန်နီ့ကို သတိရလို့ ပြန်လာတောပေါ့ ... ဟန်နီ့အပေါ်မှာ ကို ဒီလောက်ရက်စက်ခဲ့တာတောင် ဟန်နီလေး ကို့ကို ခွင့်လွှတ်နိုင်တာ ကို အရမ်းအံ့သြမိတယ် ... ပြီးတော့ ကို့ရင်ထဲမှာလည်း ဟန်နီ့ရဲ့အချစ်ကြောင့် တုန်လှုပ်နေမိပါပြီ ... ခု ကိုပြန်လာတာ ဟန်နီ့အပေါ်မှာ အချစ်တွေပေးဖို့ပါ ... ဟန်နီ ခွင့်လွှတ်တယ်မော့လား ... ”
“ဟန်နီ ကို့ကို အရမ်းချစ်တယ် ... အဲဒီစိတ်နဲ့ဘဲ အရာရာကို ခွင့်လွှတ်နိုင်ခဲ့တာ .. ဒါပေမဲ့ ကို ဒါကို အခွင့်ကောင်းယူတယ် ... ”
“ခု ချိန်ကစပြီး ကိုပြင်ပါ့မယ် ... ဟန်နီ့ကို အယင်ကထက် ပိုပြီးဂရုစိုက်မယ် ... နော်”
“ဟန်နီ့အိမ်က ကိုနဲ့ သဘောမတူဘူး ... အဲကိတ်စ္စကြောင့် ကိုနဲ့ တစ်နေ့ ဝေးရလိမ့်မယ် .. ဟန်နီ အိမ်ကို မလွန်ဆန်နိုင်ဘူး ... အဲဒါလည်း ကိုနှိတ်စက်ခဲ့လို့ဘဲ .. ဟန်နီငိုခဲ့ရတာတွေကို သူတို့သိလို့ သဘောမတူတော့တာ ... ”
“ကို့ကို ခွဲမသွားဘူးမဟုတ်လား ....”
“ကို့ကို ဟန်နီလေးကစပြီး မခွဲသွားဘူးလို့ ကတိပေးခဲ့တာ လွယ်လွယ်လေး မဟုတ်ဘူး ... အဲဒါကို မသိဘူးလား ...”
“ဒါဆို ကိုကြိုးစားကြည့်မယ်နော် .. ဟန်နီလေးအိမ်နဲ့စကားပြောကြည့်မယ် .... ”

(၃) အပိုဒ်(ခ)
“ဟန်နီ့အိမ်က ကိုနဲ့ သဘောလုံးဝတူမှာမဟုတ်ဘူး ... ကို့အချစ်ကို အသိအမှန်ပြုခဲ့ရင်တောင် ကို့ရဲ့အဆင့်အတန်းကို အသိအမှတ်ပြုမှာ မဟုတ်ဘူး ... ဟန်နီ့ကို ချမ်းချမ်းသာသာဘဲ မြင်ချင်တယ်တဲ့ ...”
“ဟာကွာ ... ကို့မှာ ဘာအပြစ်ရှိလို့လဲ ”
“ကို့ကို ဟန်နီ တစ်ခုမေးချင်တယ် ....”
“ဘာမေးမှာလဲ ...”
“ကို ဟန်နီလေးကို တစ်ကယ်ချစ်ရဲ့လား ...”
“ချစ်တာပေါ့ ဟန်နီရယ် .. ချစ်လို့ဘဲ ကို ဒီလောက်ကြိုးစားနေတာပေါ့ ....”
“မဖြစ်နိုင်တော့ဘူး ကို”
“ဘာလို့လဲ .. ဘာလို့လဲ ဟန်နီရယ် ..”
“ဟန်နီ နောက်တစ်ယောက်နဲ့ တွေ့နေပြီ ... ခွင့်လွှတ်ပါ ... ”
“ဟန်နီ သိပ်ရက်စက်တယ် ...”
“ကို ရက်စက်ခဲ့တာကို မမှီပါဘူး ...ဟန်နီ ကို့ကို သိပ်ချစ်ခဲ့တာ ..
ဟန်နီသွားတော့မယ် ...




Click here to Read More..

Sunday, February 17, 2008

Conditional Love!

ဒီစာကို Shawshank Redemption အော်ပရာ သီချင်း နားထောင်ရင်းနဲ့ လွမ်းလွမ်းဆွေးဆွေး ရေးပါတယ်။ ကော်ဖီတစ်ခွက် သောက်ပါတယ်။ ဖုန်တက်နေတဲ့ ကီးဘုတ်နဲ့ ရိုက်ပြီး ညှိုးငယ်နေသော နှလုံးသားကို ဘာသာပြန်ကြည့်ပါသည်။ အပြင်မှာ -၆ ဒီဂရီ စင်တီဂရိတ် ။ ရာသီဥတုသည် ရင်ထဲမရောက်ပါ။

Closer ဇတ်ကားထဲမှာ Jude Law ကို Natalie Portman က ပြောတယ်။
"Where is your love? I can't feel it. I can't touch it. I can't find it. This is just only your easy words. I don't love you anymore. Just now."
Conditional Love ဆိုတာ နည်းနည်းသဘောပေါက်သလိုလိုဖြစ်သွားသည်။ (ဇတ်ကားတစ်ခုလုံးကြည့်ပြီးမှ ပြောတာပါ)
ဘယ်လိုခံစားချက်နဲ့ နောက်တစ်ယောက်ကို တွေ့တာလဲ ... ဘယ်လိုခံစားချက်နဲ့ ပြောတာလဲ ...လို့ အသေးစိတ်ခံစားပြီး ရင်နာနေမိသောသူက မှားသလား
အပြစ်ရှိတယ်လို့ နည်းနည်းမှ မခံစားမိဘဲ သာမာန်လုပ်ရိုးလုပ်စဉ်တစ်ခု ပြောနေလုပ်နေသလိုလို ....
အတိတ်က ချစ်သူအကြောင်းကို လက်ရှိချစ်သူရှေ့မှာ ထမင်းစားရေသောက် ပြောနေနိုင်ရင် ဘယ်လိုခံစားချက်မျိုးရှိလို့လဲ
ကိုယ်ကျတော့ လုပ်ချင်တာလုပ်ပြီး ကိုယ့်အလှည့်ကျတော့ သ၀န်တိုနေတတ်သောသူက ရှူံးနိုင်သေးတာလား ....
ခံစားတတ်လွန်းတဲ့သူလို့ သိရင် နာကျင်မူကို ရှောင်ဖို့ နည်းလမ်းတစ်ချို့ရှိပါတယ်။
မသုံးချင်လို့ မသုံးသေးခင်မှာတော့ သေမတတ်ခံစားပေါ့။
မရေးနိုင်တော့ဘူး ... စိတ်ထဲမှာ တင်းကျပ်မွန်းသိပ်တယ်။

Click here to Read More..